Celebrity
Written by admin
Source: Steve Batu
Unicode
တစ်ယောက်နဲ့တစ်ယောက် ခိုင်မာတဲ့ သံယောဇဉ်နှောင်ကြိုးတွေ ရစ်နှောင်ရင်း အိမ်ထောင်သက် (၉)နှစ်ပြည့်ခဲ့ပြီဖြစ်တဲ့ ပန်းဖြူတို့ ဇနီးမောင်နှံ
နာမည်လေးနဲ့ လိုက်ဖက်အောင် ပန်းလေးတစ်ပွင့်လို ငေးကြည့်နေရလောက်အောင်လှတဲ့ မင်းသမီးချော ပန်းဖြူကတော့ တစ်ချိန်က အနုပညာလောကမှာ ထင်ရှားကျော်ကြားခဲ့တဲ့ မင်းသမီးတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိခဲ့တဲ့ ပန်းဖြူက ပြီးခဲ့တဲ့ (၂၀၁၂) ခုနှစ်မှာ အိမ်ထောင်ကျခဲ့ပြီး အိမ်ထောင်ကျပြီးနောက်ပိုင်းမှာတော့ အနုပညာအလုပ် လုပ်ကိုင်တာ နည်းပါးသွားခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပန်းဖြူက သူမရဲ့ ပရိသတ်တွေအတွက် ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးရင်း အနုပညာလောကနဲ့ လုံးဝအဆက်အသွယ်မပြတ်တောက်အောင် ကြိုးစားနေတာပဲ ဖြစ်ပါတယ်။
သားသမီးရတနာမရှိတဲ့ ပန်းဖြူက သူမရဲ့ ခင်ပွန်းနဲ့ပဲ နှစ်ယောက်တည်း အေးချမ်းတဲ့ ဘဝလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ မနေ့က ဇန်နဝါရီလ (၁) ရက်နေ့မှာတော့ ပန်းဖြူတို့ ဇနီးမောင်နှံက အိမ်ထောင်သက် (၉) နှစ်ပြည့်ခဲ့ကြတာဖြစ်ပြီး ပန်းဖြူရဲ့ အမျိုးသားက သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေတဆင့် မင်္ဂလာနှစ်ပတ်လည်နေ့အမှတ်တရကို ပြောပြလာခဲ့ပါတယ်။ ပန်းဖြူတို့ ဇနီးမောင်နှံကတော့ မင်္ဂလာသက်တမ်း (၉) နှစ်တိုင် တစ်ယောက်ကိုတစ်ယောက် အချစ်မလျာ့ပဲ သံယောဇဉ်နှောင်ကြိုးတွေ ချည်နှောင်ခဲ့တာ အားကျစရာပါပဲနော်။
ပန်းဖြူတို့ ဇနီးမောင်နံှကတော့ တစ်ယောက်နဲ့တစ်ယောက် ခိုင်မာတဲ့ သံယောဇဉ်ကြိုးလေးတွေ ရင်နှောင်ပြီး အိမ်ထောင်သက် (၉)နှစ်ပြည့်ခဲ့ပြီပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပန်းဖြူတို့ ဇနီးမောင်နှံနှစ်ယောက်အတွက် ဝမ်းသာဂုဏ်ပြုစကားလေးတွေ ပြောခဲ့ကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
Source: Steve Batu
About the author
admin
Leave a Comment